လက်ရှိမှာ သတင်းမှားတွေထွက်ပေါ်နေတဲ့ အစီအစဉ်တင်ဆက်သူ ကောင်းထက်ဇော်ရဲ့ ကျန်းမာရေးအခြေအနေမှာ..

(Zawgyiဖြင့် ဖတ်ရန်)










(Unicodeဖြင့် ဖတ်ရန်)

ပရိသတ်ကြီးရေ….အစီစဉ်တင်ဆက်သူတွေများစွာရှိတဲ့အနက်မှ အသံပါဝါ အားကောင်းကောင်းနဲ့ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သူကတော့…

အစီစဉ်တင်ဆက်သူ ကောင်းထက်ဇော်ပဲဖြစ်ပါတယ်နော်.. ကောင်းထက်ဇော်ဟာဆိုရင် မိသားစုပြိုင်ပွဲ၊ The Money Drop Myanmar (ငွေတွေဝင်)အစီအစဉ်ရဲ့ပင်တိုင် အစီစဉ်တင်ဆက်သူတစ်ယောက်လည်းဖြစ်ပါတယ်။

မြန်မာပြည်မှာကိုဗစ် ရောဂါနဲ့ပတ်သက်ပြီး ပြည်သူတွေမှာ စိုးရိမ်ကြောက်လန့်နေကြရပြီး တစ်နေ့တစ်ခြား ကူးစက်ဖြစ်ပွားမှုတွေကြောင့် သေဆုံးသူတွေလည်း များပြားနေတာ ဖြစ်ပါတယ်..။

လူတန်းစားမရွေး ရောဂါကူးစက်ခံစားနေကြရတဲ့ အခုလိုအချိန်မှာ ကောင်းထက်ဇော်ဟာလည်း ကိုဗစ် 19 ရောဂါကပ်ဆိုးကြီး ကူးဆက်မှုကိုခံနေရတာပဲ ဖြစ်ပါတယ်နော်။

ကောင်းထက်ဇော်ဟာ လက်ရှိ အင်းလျားစင်တာတွင် ကုသမှုခံယူနေရပြီး ဇူလိုင်လအစပိုင်းကတည်းက ဆေးရုံတက်နေရတာ ဖြစ်ပါတယ်နော်။

လက်ရှိမှာဆိုရင်တော့ ကိုကောင်းကြီး ကွယ်လွန်သွားပြီဆိုတဲ့သတင်းမှားတွေ ပျံ့လျှက်ရှိနေတဲ့အပေါ်ကို ဖြေရှင်းတဲ့အနေဖြင့်.. လက်ရှိကုသမှုခံယူနေသော ဓာတ်ပုံနဲ့တကွ

ကောင်းထက်ဇော်ရဲ့လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြလာတာပဲ ဖြစ်ပါတယ်နော်။“ကောင်းကြီးရဲ့လက်ရှိ အခြေအနေပါ.. သတိရ စကား ပြောနိုင်နေပါပြီ။

အားလုံး စိတ်ဒုက္ခရောက်နေကြတဲ့ ဒီအချိန်မှာ မသေချာဘဲနဲ့ လျှောက်မတင်၊ မ share ကြသင့်ပါဘူး”လို့ ကောင်းထက်ဇော်ရဲ့ မိတ်ဆွေ ကိုဖိုးနီက ဆိုပါတယ်။

ကောင်းထက်ဇော်ရဲ့ကျန်းမာရေး အခြေအနေဟာ မနက်ဖြန် စင်တာကနေ ဆေးရုံသို့ ရွှေ့ရမှာဖြစ်ပြီး၊ အဆုတ်ကို ဆက်လက် ကုသရမယ်လို့ သိရပါတယ် ..ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *