ဗိုက်ဆာလို့ထမင်းဝယ်တာကို မရောင်းဘူးဆိုပြီး အပြောခံလိုက်ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး
(Unicode ဖြင့်ဖတ်ရန်)
ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပြည်သူကပြည်သူကို အပြန်အလှန်ကူညီပြီး ရှေ့ဆက်နေရတာပဲ ဖြစ်ပါတယ် ။
အိမ်တစ်အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရပြီဆိုတာနဲ့ အလံထောင်ပြီး အကူအညီတောင်းရုံနဲ့တင် ပြည်သူတွေက လိုအပ်တာတွေပို့ပေးနေကြတာ ဖြစ်ပါတယ် ။
ထို့အတူ ပရဟိတသမားတွေကလည်း သူတို့ရဲ့အသက်ကိုတောင်ရင်းပြီး ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို ဖေးမကူညီပေးနေကြတာလည်း ဖြစ်ပါတယ် ။
ပဲခူးမြို့ရှိ သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတလူငယ်တစ်ဦးကတော့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။
သူက Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီး ပြည်သူတွေကို ကူညီနေတာ ဖြစ်ပါတယ် ။
မနေ့ကတော့ သူတို့အဖွဲ့က ဗိုက်ဆာလို့ ထမင်းဆိုင်ရှေ့မှာကားရပ်ပြီးဆင်းဝယ်တာကို ဆိုင်ရှင်က ကြောက်လို့မရောင်းရဲဘူးဆိုပြီးပြောတာ ခံလိုက်ရတာပဲ ဖြစ်ပါတယ် ။
ထမင်းရော ဟင်းပါအများကြီးရှိပေမယ့်လည်း သူတို့ကို မရောင်းရဲဘူးပြောတာကြောင့် တစ်ဖွဲ့လုံး ဘာလုပ်ရမှန်းမသိဖြစ်ပြီး အခက်ကြုံခဲ့ရတာပဲ ဖြစ်ပါတယ် ။
ဒါကြောင့် ပါဆယ်လေးတော့ ရောင်းပေးပါဆိုပြီး ဆိုင်ပိုင်ရှင်ကို တောင်းတောင်းပန်ပန်နဲ့ ဝယ်ခဲ့ရပုံကို အဲ့ဒီလူငယ်လေးက ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ် ။
ဒီနေ့ ဖြစ်တဲ့ အဖြစ်ပျက်လေး 😔
#ကျွန်တော်တို့က ပရဟိတ သမားတွေပါဗျာ..
#ကိုယ့်စရိတ်ကိုယ်စားပီး ပြည်သူတွေကိုကူညီနေတာပါ…
#ဗိုက်ဆာလို့ထမင်းဆိုင်ရှေ့မှာ ကားရပ်လိုက်တယ်
#ဆိုင်ရှင် အမကြီးက ဘာမှမရှိတော့ဘူးတဲ့ ကြည့်လိုက်တော့ ဟင်းရောထမင်းရောအများကြီး…မရောင်းရဲဘူးတဲ့ ကြောက်လို့တဲ့😔
ကျွန်တော်တို့ ညီအကိုတွေ စိတ်ညစ်ပီး ဘာလုပ်ရမလဲမသိဖြစ်ကြတယ်…
#ပါဆယ် လေးတော့ရောင်းပေးပါဗျာလို့ တောင်းပန်ပြီးဝယ်ရတယ်…
…အရင်ရက်တွေက ကျွန်တော်တို့ကိုယ့်ပါသာကို ချက်စားကြတာပါ…
…ဒီနေ့ က မနက်ထဲက ဘယ်သူမှမအားကြလို့ ဝယ်တာပါဗျာ…
# ကျွန်တော်တို့လဲ အသက်အပိုမပါပါဘူးဗျာ….
# အသက်တွေရင်းပီးကူညီပေးနေကြတာပါ….
# ပြန်ကူညီပေးကြပါလို့ ပြောပါရစေ….
#သူရအောင်
09444556569
သကျနွယ်
လူမှုကူညီရေးအသင်းပဲခူးမြို့
Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့
သူတို့အနေနဲ့လည်း ကိုယ့်စရိတ်ကိုယ်စားပြီး ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဖြစ်တာကြောင့် “ကျွန်တော်တို့လည်း အသက်အပိုမပါပါဘူးဗျာ…
အသက်တွေရင်းပြီးကူညီပေးနေကြတာပါ… ပြန်ကူညီပေးကြပါလို့ ပြောပါရစေ….” ဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။ခရက်ဒစ်
(Zawgyi ဖြင့်ဖတ်ရန်)
#သူရအောင်
09444556569
သကျနွယ်
Leave a Reply
Your email address will not be published. Required fields are marked *