အောက်ဆီဂျင် လိုအပ်နေမှု နည်ပါးလျော့ကျစေဖို့အတွက် ဖန်များနှင့်ပေါင်းပြီး အလှူငွေများလှူဒါန်းခဲ့တဲ့ စိုးပြည့်သဇင်

(Zawgyiဖြင့် ဖတ်ရန်)




လက်ရြှိမန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကပ်ဆိုးကြီးရဲ့ ဒဏ်ကို အလူးအလဲခံနေရကာ ကူးစက်ပျံ့ပွားမှုနှုန်းဟာလည်း အလွန်ကိုပဲ များပြားလျက်ရှိပါတယ်၊






(Unicodeဖြင့် ဖတ်ရန်)

အောက်ဆီဂျင်အိုးအလှူလေးမှာ အလှူငွေ ၁၁ သိန်းတိတိပါဝင်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင် စိုးပြည့်သဇင်

သရုပ်ဆောင်စိုးပြည့်သဇင်ကတော့ ကျရဇာတ်ကောင်တွေမှာအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုရရှိထားတဲ့ အကယ်ဒမီမင်းသမီးပဲဖြစ်ပါတယ်၊

သရုပ်ဆောင်ကောင်းတာအပြင်အသံချိုချိုလေးနဲ့တေးသီချင်းကောင်းများစွာကိုလည်း သီဆိုထားပါသေးတယ်၊စိုးပြည့်သဇင်ကတော့တော်လှန်ရေးကြီးမှာလည်း ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေပါဝင်ခဲ့ပါသေးတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကပ်ဆိုးကြီးရဲ့ ဒဏ်ကို အလူးအလဲခံနေရကာ ကူးစက်ပျံ့ပွားမှုနှုန်းဟာလည်း အလွန်ကိုပဲ များပြားလျက်ရှိပါတယ်၊

အောက်ဆီဂျင် မလုံလောက်မှုကြောင့် အသက်ဆုံးရှုံးသွားရတဲ့ပြည်သူများလည်း နေ့စဥ်နဲ့အမျှများပြားလျက်ရှိနေပါသေးတယ်၊

အလှူရှင်များကလည်း ပရဟိတ အသင်းအဖွဲ့များနဲ့ ပူးပေါင်းပြီးတတ်နိုင်တဲ့ဘက်က နေပါဝင်ကူညီလှူဒါန်းပေးနေကြတာကို တွေ့မြင်ရပါတယ်နော်။

ယခုအခါမှာ မင်းသမီးချောလေး စိုးပြည့်သဇင်ကလည်း သူမရဲ့ပရိသတ်တွေနဲ့ ပူးပေါင်းပြီး အောက်ဆီဂျင်အတွက် အလှူငွေများကို ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာသို့ လှူဒါန်းခဲ့ပါတယ်။

သရုပ်ဆောင်စိုးပြည့်သဇင်က “မင်္ဂလာပါရှင်၊၂၁၊၇၊၂၀၂၁ရက်နေ့မှာ စိုးပြည့်နဲ့အတူ စိုးပြည့်ကိုချစ်တဲ့fansများ ပူးပေါင်းပြီး အောက်စီဂျင်အလှူငွေ၊၁၁၀၀၀၀၀ တစ်ဆယ့်တစ်သိန်းကျပ် လှူဒါန်းခဲ့ပါတယ်ရှင်

ဤကုသိုလ်ကောင်းမှုသည် မြန်မာပြည်သူပြည်သားများ ရောဂါကပ်ဆိုးဘေးမှ လွတ်မြောက်စေသောအထောက်အပံ့ ဖြစ်ရပါစေဆိုပြီးသူမရဲ့လူမှုကွန်ယက်မှာ ရေးသားဖော်ပြလာတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *